အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်များပြသ

ရပ်စောက်      ဇွန်   ၂၅

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မောင်အုန်းကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲများတွင်ဆုရရှိသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌနှင့် ကျောင်းဆရာမ များက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များပြသခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)