မြိတ် ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်ကျေးရွာရှိ မြိတ်တက္ကသိုလ်တွင် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအရှေ့နှင့် ပတ်ဝန်းကျင်၊ ပုလဲရာဇာအဆောင်နှင့် ပတ်ဝန်းကျင်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးတွင် တက္ကသိုလ်ဝင်းအတွင်း ပတ်ဝန်းကျင်ရှိ သစ်ပင်ချုံနွယ်များအား မြက်ဖြတ်စက်၊ ဓါး၊ ပေါက်တူး၊ ပေါက်ပြားများဖြင့် ခုတ်ထွင်ရှင်းလင်း စုပေါင်းဆောင်ရွက်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့ အမှိုက် သိမ်းယာဉ်ဖြင့် သိမ်းဆည်း ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်၊ မြိတ်လေတပ်စခန်းဌာနချုပ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အေးမင်းနှင့် တာဝန်ရှိသူများ ဦးဆောင်၍ တပ်မတော်သားများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသားသူများ စုပေါင်း၍ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)