သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာတွင် မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ
Jun 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်းခေတ်မီစံပြကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်သည်။
မိတ္ထီလာခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 27,2022
မိတ္ထီလာခရိုင်အမျိုးသမီးကော်မတီ၏ (၁/၂ဝ၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီအချိန်က ပေါက်ချောင်းရပ်ကွက်ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
နောင်တရားမြို့၌ Bookclub အဖွဲ့ဝင်များက သုတ၊ ရသ ဆွေးနွေးဖလှယ်
Jun 27,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ Bookclub အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် သုတ၊ ရသ အမြင်ခြင်းဖလှယ်သည့် စာဖတ်ဝိုင်းပြုလုပ်သည်။
ဟင်္သာတမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့ အထက ၁ ကျောင်း ဟင်္သာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေ
Jun 27,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့်၂၀၂၂ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်"သတင်းစကား" လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သော စာစီစာကုံး ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများအား (အခမဲ့) ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်မည့် မြေနေရာအား မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ
Jun 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်မည့် မြေနေရာအား မြေသန့်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံကန်အနီး၌ ကျင်းပသည်။
နတ်မောက်မြို့နယ်တွင် ပင်ထောင်မြေပဲများ စိုက်ပျိုးဖြစ်ထွန်း
Jun 27,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ တောင်သူများသည် ၂၀၂၂ ခုနှစ်မိုးစိုက်သီနှံအဖြစ် ပင်ထောင်မြေပဲများကို စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ပင်ထောင်မြေပဲခင်းများ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မဘိမ်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Jun 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။