သတင်းများ

ကွတ်ခိုင်မြို့နယ် ဒေသခံတောင်သူများ တိရစ္ဆာန်အစာဖူလုံစေရန်အတွက် မိုးရာသီတိရစ္ဆာန်အစာပင် (နေပီယာမြက်)လက်တွေ့စိုက်ပျိုးနည်းသရုပ်ပြပွဲပြုလုပ်
Jun 27,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် တောင်သူဦးကျိန်တဲ့ဖူးတို့ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၂ခုနှစ်၊
မအီမြို့တွင် ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား ကျင်းပ        
Jun 27,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အပူချိန်မြင့်မားလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုအား ကြိုတင်ကာကွယ်နိုင်စေရေး၊ အရင်းအမြစ်အားထိန်းသိမ်းနိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာလာစေရေးတို့ကို ရည်ရွယ်၍ ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနရုံးအနီး အမှတ်(၄)ရပ်ကွက်ရှိ တောင်သူဦးခင်သန်းပိုင် စိုက်ခင်းတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် စေတနာ့ဝန်ထမ်း(Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်
Jun 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်း (Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးစိုက်ပျိုး
Jun 27,2022
 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရမ်းမြို့နယ် ရွှေဘိုစုကျေးရွာရှိ တောင်သူ ဦးဇော်ဇော်ထွန်း၏လယ်မြေ(၁)ဧကတွင် မိုးရာသီတိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (တိုင်းအဆင့်)သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား
Jun 27,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်းအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတွင် ပါဝင်သည့်ဌာနများမှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတအဖွဲ့များအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (တိုင်းအဆင့်) ၂/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အုတ်ဖိုမြို့ ပါတီဖြတ်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၉၅)ရာခိုင်နှုန်းပြီးစီး
Jun 27,2022
ဒေသခံပြည်သူများသွားလာရေးလွယ်ကူစေရန်နှင့် မြို့တော်သာယာလှပရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ပါတီဖြတ်လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုဆ ောင်ရွက်လျက်ရှိရာ (၉၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ဟိုပုံးမြို့ ဆွမ်မီကျောင်းတိုက် ဘဝနတ်ထံ ပျံလွန်တော်မူသော ပဓာနနာယကဆရာတော်ဘဒ္ဒန္တကောသလ္လရုပ်ကလပ်အား သွားရောက်ဖူးမြော်
Jun 27,2022
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော်တရားကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၀)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ဆွမ်မီကျောင်းတိုက် ပဓာနနာယဆရာတော်ဘုရားကြီး သက်တော်(၉၁)နှစ် ဝါတော်(၄၁)ဝါရှိ
မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်ပွဲ ကျင်းပပြုလုပ်
Jun 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကြဲပက်ပွဲကို ယနေ့နံနက်ပိုင်းက အင်းရွာအုပ်စု၊ ကျွဲသတ်ကျေးရွာရှိ စံပြကွက်လယ်ယာမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။