သတင်းများ

ကျောက်ကြီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ဒေသခံပြည်သူများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းပေးအပ်
Jul 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ဇူလိုင်လ ၅ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သည့် ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူ အင်းနက်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာတို့မှ အိမ်ထောင်စု(၂၀၀)စု အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
လွိုင်လင်မြို့ အထက(၁)ကျောင်း၌ ကျောင်းကောင်စီဂတိသစ္စာခံယူပွဲကျင်းပ
Jul 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ ကို ယမန်နေ့ နံနက် ၈ နာရီခွဲ အဆိုပါကျောင်း စုဝေးကွင်း၌
မင်းလှမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲပြုလုပ်
Jul 05,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများဆိုင်ရာစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ရုံးရပ်မြောက်ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် မေတ္တာ၊ စာဂ၊ ဝိရိယကိုအခြေခံ၍ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် မေတ္တာ၊ စာဂ၊ ဝိရိယကို အခြေခံ၍ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်း (၁၅၂)ဦးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်စတင် ထိုးနှံပေး
Jul 05,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂၄) မူလတန်းလွန်ကျောင်းတို့မှ ကျောင်းသားကျောင်းသူ များအား ဒုတိယအကြိမ် (Sinopharm) ကာကွယ်ဆေး စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လင်းခေး၌ မဟာပဌာန်းတရားရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် မြို့နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ
Jul 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့တွင်(၄၆)ကြိမ်မြောက် မဟာပဌာန်း တရားရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် မြို့နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်၈ နာရီက လင်းခေးမြို့ မဟာမြတ်မုနိဘုရားကျောင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေး သင်တန်းဖွင့်လှစ်
Jul 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက်ပိုင်းက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေး သင်တန်းဖွင့်လှစ်ခဲ့သည်။
မိန်းမလှကျွန်း‌တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၏ ဒီရေတောအပင်များအား ကွက်လပ်ဖြည့် စိုက်ပျိုးတော့မည် ဖြစ်သဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိတော့မည်
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် လူတို့၏ အလွန်အကျွံ စည်းကမ်းမဲ့ ထင်းခုတ်ယူမှုနှင့် နာဂစ်မုန်တိုင်းကဲ့သို့သော သဘာဝဘေးမုန်တိုင်းဒဏ် များကြောင့် ဒီရေတောများ ပျက်စီးဆုံးရှုံးလာခဲ့ရာ ၎င်းဘေးမဲ့တောကြီးအား ဒီရေတောများ ပြန်လည်ဖြည့်တင်း စိုက်ပျိုးခြင်းဖြင့် ဒေသခံများ၏ ဝင်ငွေအခွင့်အလမ်းဖော် ဆောင်နိုင်ရေးအတွက် ယခုအခါ ဘိုကလေးမြို့နယ် အခြေစိုက် မြင့်မြတ်သူတို့ နှလုံးသား လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။