ကုန်စုံဆိုင်များတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပါဝင်မူရှိ/မရှိကွင်းဆင်းစစ်ဆေး

ဝါးခယ်မ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုး၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ ဈေးပိုင်းရပ်ကွက်ရှိ လက်လီလက်ကားရောင်းချနေသော ကုန်စုံဆိုင်များတွင် ရွှေပင်လယ်ပုဇွန် ဟင်းခတ်မှုန့်တွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိနှင့် ကျန်းမာရေးနှင့် ညီညွှတ်မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော စည်းကမ်းချက်များနှင့် အညီ ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိခြင်း၊ ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိခြင်း သတ်မှတ်ထားသော စံချိန်စံညွှန်းများ ပြည့်မီစွာဖြင့် ရောင်းချနေကြကြောင်း သိရ သည်။

ဟိန်းထက်လင်း