ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/ သူ (၁၄၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကျိုက်ဒုံ ဇူလိုင် ၄

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက (အ.ထ.က)ကျိုက်ဒုံကျောင်း၌ ကျိုက်ဒုံမြို့ တိုက်နယ် ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့(အ.ထ.က)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၃၉၀)ဦးရှိပြီး ယနေ့နံနက်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၁၄၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ထိုးနှံသွားမည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်စာရေးများ၊ တာဝန်ရှိသူများမှ သွေးပေါင်ချိန်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ၊ ပြန်/ဆက်)