ဝမ်းတွင်း ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအနေဖြင့် ဒေသခံပြည်သူ (၈၆.၄၆)ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ပြည်သူများအားကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန်နိုင်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စုရပ်များအလိုက်ထိုးနှံပေးခြင်း၊ နေအိမ်များအရောက် လိုက်လံထိုးနှံပေးခြင်း၊ မြို့အဝင်ဂိတ်များဖွင့်လှစ်၍ ကာကွယ်ဆေးများထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများစုပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ဝမ်းတွင်းမြို့နယ် အနေဖြင့် ကျေးရွာအုပ်စု(၆၉)အုပ်စု၊ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ (၁၇၀,၆၁၇)ရှိပြီး ယနေ့အချိန်ထိကာကွယ်ဆေး ထိုးနှံပြီးစီးမှုမှာ First Dose (၁၄၇၅၂၁)ဦး၊ Second Dose (၁၁၈၉၆၇)ဦးထိုးနှံပြီးစီးခဲ့ရာ ဒေသခံပြည်သူ(၈၆.၄၆)ရာခိုင်နှုန်းကျော်အား ကာကွယ်ဆေးများ ထိုးနှံပြီးစီးခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများအား ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် သက်ဆိုင်ရာဆေးထိုး စုရပ်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)