ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ ဇူလိုင် ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် “ဂုဏ်ရည်မြင့်မားမြန်မာမိန်းမသား” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက Talk Show ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ဆုလာဘ်နွယ်က မြန်မာနိုင်ငံတွင် မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့၏ ဘာသာသာသနာ၊ နိုင်ငံရေး၊ ပညာရေး၊ စာပေ၊ အနုပညာ၊ စီးပွားရေး စသည့် အရေးပါသောအခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ပုံ၊ အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာမကြီးမစန္ဒာ၏ စာပေဖြင့် နိုင်ငံ့အကျိုးသယ်ပိုးမှုများကို အသိပညာပေး မျှဝေဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)