မင်းလှမြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

အထက်မင်းလှ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အကြွေစောသည့်ကိုးပွင့်ပန်း”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ (၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)