အမရပူရ ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အမရပူရမြို့နယ်အတွင်းရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များနှင့် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း၊ အချိန်အတွယ် မှန်ကန်စွာ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့နံနက် ၉နာရီခွဲက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ခွဲတမ်းရစားအုန်းဆီအရောင်းဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များအချိန်အတွယ်၊ ဆီသိုလှောင်ထားရှိသည့်ကန်များ တိုင်းတာစစ်ဆေးခြင်း၊ စက်သုံးဆီအရည်အသွေးစစ်ဆေးခြင်း၊ အချိန်အတွယ်စစ်ဆေးခြင်း၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းမရှိ သတ်မှတ်ပြဌာန်းနည်းဥပဒေ၊ ဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လဲ့လဲ့ခိုင်