ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိုးရာသီကာလ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်သည့် အခမ်းအနားတက်ရောက်

ဇလွန် ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးရာသီကာလ​ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် လက်တွေ့သရုပ်ပြမှုကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီ ဟင်္သာတ တာတာာမိုင် (၂၅/၂) ဆန်တန်းရပ်ကွက် အမှတ်(၃)ရေကင်းစခန်း၌ပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။​

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးဝင်းဌေးက ရေဘေးကာကွယ်ရေးဆောင်ရွက်မှု အခြေအနေများ၊ လက်ထောက်ညွှန်ကြားရေးမှူး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံသို့ ရေဘေးကာကွယ်ရေး အသိပေးအချက်ပြ အလံများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် မိုးတွင်းကာလတွင် ကြုံတွေ့ရတတ်သော ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်သတိပြုရမည့်အချက်များ၊ ရေပေါက်(ထူးပေါက်)ပေါက်ခြင်းနှင့် သဲဗွက်ထခြင်းအတွက် ရေခွေ ခွေခြင်း၊ တာတမံရေကျော်ခြင်းအတွက် တာထိပ်ဆင့်ခြင်း၊ တာအိတာလျှောခြင်း၊ လှိုင်းပုတ်ခြင်း၊ ကမ်းပြိုခြင်း၊ ရေစိမ့်ခြင်းတို့အတွက် ကာကွယ်မှု နည်းစနစ်များကို လက်တွေ့သရုပ်ပြသမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်နှင့်တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့ကြပြီး ရေဘေးကာကွယ်ရေး ဆောင်ရွက်လျက်ရှိသော ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာတမံ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ဂုဏ်ပြုထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ဝေယံ