မင်းကင်း ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည့်ဝစေရန်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် ရည်ရွယ်၍ နေ့စဉ်ငှက်ပျောသီး ကျွေးမွေးနိုင်ရန်အတွက် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဝန်းရှိ မြေလွတ်၊ မြေလပ်နေရာများ၌ ငှက်ပျောပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ငှက်ပျောပင်စိုက်ပျိုးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမြင့်ဦး၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများက ဖီးကြမ်းငှက်ပျောပင် (၂၀၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)