မိုင်းဆတ်မြို့၌ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မိုင်းဆတ် ဇူလိုင် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို  ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုသည့် အနေဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ လူအများစု မလုပ်နိုင်သည့် စေတနာ့ဝန်ထမ်းလုပ်ကို စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့ကြသူ များကို လေးစားကြောင်း၊ နောင်တွင် စေတနာ့ဝန်ထမ်း များ ပိုမိုများပြားလာစေရန် မျှော်လင့်ကြောင်း ရှင်းလင်း ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်သီတာဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်သီတာဝင်း၊ သွားနှင့် ခံတွင်း ဆရာဝန် ဒေါက်တာသန်းဝင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ရာ အဖြူရောင်လူငယ်အဖွဲ့မှ ဦးချင်းတွင်းဇော်၊ ရာအိမ်မှူး ဦးအေးမင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)