ဘားအံမြို့၌ ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးရေး ဆွေးနွေးပွဲ ပြုလုပ်

ဘားအံမြို့၌ ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးရေး ဆွေးနွေးပွဲ ပြုလုပ်

ဘားအံ ဇူလိုင် ၁၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူး၍ ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးရေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဇော်ဝမ်းက အဖွင့်အမှာစကား ပြောကြားရာတွင် နေကြာစိုက်ဧကများ တိုးတက်စေရေးအတွက် ရေ၊ မြေ၊ ရာသီဥတုအခြေအနေပေးသော ဒေသများတွင် စည်းရုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုး‌စေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ‌တောင်သူများကိုလည်း မိမိတို့ဌာနအနေဖြင့်လည်း လိုအပ်သော နည်းပညာများအား ပညာပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဘားအံမြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့မှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တောင်သူများ ကိုယ်စား တောင်သူဦးဝင်းနိုင်မှ ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးရေး ဆွေးနွေးပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၃၁)အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)