သတင်းများ

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းပြုလုပ်
Jul 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက စာရေးဆရာမ မေချို(ပျဉ်းမနား) ရေးသားသည့် “မြန်မာကိုမြန်မာတို့သိစေချင်နှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Jul 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။
ကမာရွတ်မြို့နယ်တွင် ​ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့တွင်းသာယာလှပစေရေးအတွက် အမှိုက်များကိုသန့်ရှင်း​ရေးဆောင်ရွက်
Jul 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အမှတ်(၆)ရပ်ကွက်၊ ပြည်ရိပ်မွန်လမ်းအတွင်း လမ်းအမှိုက်များရှင်းလင်းခြင်း၊ တက္ကသိုလ်ရိပ်သာလမ်း(ပြည်လမ်းနှင့်အင်ယားလမ်း)ရှိ ပလက်​ဖောင်းများကို​ ရေဆေးသန့်ရှင်းဆောင်ရွက်ခြင်းနှင့်
ထိုင်ဝမ်ရုံးပတီသီး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်း၍ စိုက်ပျိုးသူတို့ အဆင်ပြေ
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၉ နယ်မြေ စက်ကုန်းကျေးရွာ၌ ထိုင်ဝမ်ရုံးပတီသီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူတို့ အဆင်ပြေလျက်ရှိကြောင်း ထိုင်ဝမ်ရုံးပတီသီး စိုက်ပျိုးသူ ဦးသန်းလှိုင်ထံမှ သိရှိရသည်။
ချောင်းသာမြို့ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 21,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ခရိုင်ဦးစီးမှူးရုံး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးတည်ရှိရာ တေဇရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ စိုက်ပျိုးရေးစခန်း ရုံးရှေ့မျက်နှာစာတွင် ကျင်းပပြုလုပ်သည်။
ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ
Jul 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကမာရွတ်မြို့နယ်အမှတ်(၉)ရပ်ကွက်၊ အ​ခြေခံပညာမူလတန်းကျောင်းအမှတ်(၂)တွင် ပြည်သူများအား
ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁) ကံစုရွာခန်းမဆောင်၌ ဒေသခံပြည်သူများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ
Jul 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်တို့သည် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများလိုက်ပါလျက် အုန်းပင်စုကျေးရွာအုပ်စု၊ ကံစုရွာခန်းမဆောင်၌ ဒေသခံပြည်သူများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။