ရေး ဇူလိုင် ၁၉
မွန်ပြည်နယ် ရေးမြို့နယ် လူမှုဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးရုံး၌ ဌာနဆိုင်ရာ ဝန်ထမ်းများက အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆)များအား ကွန်ပျူတာစာရင်း ရေးသွင်းမှု အခြေအနေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ မြို့နယ်အချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၁၁ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက သက်ဆိုင်ရာဌာနများမှ ကူညီအားဖြည့် ဆောင်ရွက်ပေးသည့် ဝန်ထမ်းများအား မြို့နယ်အတွင်းရှိ အိမ်ထောင်စုစာရင်း ရေးသွင်းရေးသွင်းရမည့် ပုံစံများကို တိကျမှန်ကန်စွာ ရေးသွင်းဆောင်ရွက်ကြရန်၊ မိမိတို့မြို့နယ်သည် မွန်ပြည်နယ်တွင် ဒုတိယ လူဦးရေများဆုံးဖြစ်သည့်အတွက် တစ်မြို့နယ်လုံးရှိ အိမ်ထောင်စု (၅၆၀၀၀)ကျော်ကို သတ်မှတ်ရက်အတွင်း အပြီးဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေး၊ ပြန်/ဆက်