ပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်းများ အရှန်အဟုန်မြှင့် ဆောင်ရွက်

မိုင်းယန်း ဇူလိုင် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ရပ်ကွက်နေ ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့က ယမန်နေ့ည ၁၀ နာရီခွဲခန့်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိရပ်ကျေးစာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းယန်းမြို့နယ် ရဲစခန်းမှူးမှ ဒုရဲမှူးဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မိုင်းယန်းမြို့နယ်အတွင်းရှိ အများပြည်သူလုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 ပြည်သူများ စိတ်အေးချမ်းသားစွာ နေထိုင်နိုင်စေရေးနှင့် မြို့နယ်အတွင်း ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေးအတွက်တို့အတွက် ဆောင်ရွက်လျက်ရှိရာ ဆက်လက်၍ မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး