(၇၅)အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွင့်ထူခြင်းနှင့် ဥဩဆွဲခြင်းဆောင်ရွက်

လွိုင်လင်  ဇန်နဝါရီ   ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ရှိ  ဌာနဆိုင်ရာရုံးများ၊ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင်ထူထားကြသည်။

အလားတူ နံနက်(၁၀)နာရီ (၃၇)မိနစ်တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်း သတ်မှတ်နေရာများတွင် အဖွဲ့(၅)ဖွဲ့ခွဲ၍ မီးသတ်ယာဉ်များဖြင့် ဥဩများဆွဲခြင်း၊ လမ်းသွားလမ်းလာယာဉ်များနှင့် ပြည်သူအများမှ အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် (၃)မိနစ် ခန့် ငြိမ်သက်ရပ်တန့်ခဲ့ကြကြောင်း သိရသည်။

 အယ်မင်း(လွိုင်လင်)