မိုင်းယန်းမြို့နယ်၌ မီးဘေးလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ  ကွင်းဆင်းစစ်ဆေး

မိုင်းယန်း ဇူလိုင် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒေသအတွင်း မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်နှင့်အညီ လိုက်နာမှု ရှိ/ မရှိ အခြေအနေများကို ယမန်နေ့နံနက် ၁၁ နာရီက‌ခန့်က မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ စင်တင်တေးဂီတ/ ကာရာအိုကေ(KTV)ဆိုင်များနှင့် တွဲဖက်ဖွင့်လှစ်ထားသော စားသောက်ဆိုင်များတွင် မီးလောင်မှုမဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးဆိုင်ရာ အကြံပြုချက်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ မီးဘေးလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များ(၂၀၂၀)နှင့်အညီ လိုက်နာဆောင်ရွက်ရေး ချပြရှင်းလင်းခြင်းများကို ဆောင်ရွက်ပြီး မြို့နယ်မီးသတ် ဦးစီးမှူး ဦးရန်မျိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူနှင့် တာဝန်ရှိဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး