ငပုတောမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များအား e-ID စနစ်ဖြင့် Software Program  ​ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်

ငပုတော ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အတွင်းရှိအိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များအား Software Program ဖြင့် Data base သို့ ရေးသွင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်က  ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရုံးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ဆင့်ပွား သင်တန်းပေးပြီး စာရင်းဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်( ၁) ဗိုလ်မှုး ဖြိုးသူရကျော်တို့မှ သွားရောက်ကြည့်ရှုခဲ့ကြသည်။

နိုင်ငံသားအားလုံးအား Electronic System ဖြင့် Smart Card ထုတ်ပေးနိုင်ရေး၊ လူဦးရေစာရင်း တိကျမှန်ကန်စေရေးနှင့် မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် တိကျမှန်ကန်သော ရည်ရွယ်၍ အိမ်ထောင်စုမဲစာရင်းများ ရရှိစေရေးတို့အတွက်လူဦး​​ရေ စာရင်း(ပုံစံ-၆၆/၆) အချက်အလက်များအား Software Program ဖြင့် Data Base သို့ တိုက်ရိုက် စာရင်းရေးသွင်းဆောင်ရွက်နေမှုနှင့် ငပု​တောမြို့နယ်အတွင်းရှိ နိုင်ငံသားများ၏ အိမ်ထောင်စုလူဦးရေစာရင်း (၆၈၇၇၃)စုကို သတ်မှတ်ရက်ပေါင်း (၆၀)အတွင်းပြီးစီးအောင် မှတ်တမ်းရေးသွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်က ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် စာရင်းရေးသွင်း ကူညီဆောင်ရွက်ပေးသည့် ဝန်ထမ်းများအား စာရင်းများကို သေသေချာချာ ဂရုတစိုက် ဖြည့်သွင်းဆောင်ရွက်ပေးကြရန်နှင့် သတ်မှတ်ရက်မတိုင်မှီ အမြန်ဆုံး​ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကိုသက်ဆိုင်ရာမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနိုင်း​ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ

ငပုတော (ပြန်/ဆက်)