(၇၅)နှစ်​မြောက် အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေး (Talk Show) ကျင်းပ

ချောက် ဇူလိုင် ၁၉

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌​ ယနေ့ နံနက် ၉ နာရီအချိန်က (၇၅)နှစ်​မြောက် အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေး (Talk Show)ကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေး​နှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဒုတိယဦးစီးမှူး​ဒေါ်ခင်ချိုချိုဝင်းက မ​မေ့နိုင်သည့် အာဇာနည်​​နေ့ အကြောင်းနှင့် အာဇာနည်ခေါင်းဆောင်​ကြီးများ ချမှတ်ခဲ့​​သော လမ်းစဉ်အတိုင်း မ​မေ့မ​လျော့ ဆောင်ရွက်​ကြရေးကိုလည်း ကောင်း၊ စာ​ကြည့်တိုက်လက်ထောက်-၃ ဦးညီဝင်းသူက အာဇာနည်​ခေါင်း​ဆောင်ကြီး(၉)ဦး ကျဆုံးခဲ့မှုနှင့် ဗိုလ်ချုပ်၏မိန့်ခွန်းများကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်အတွက် အသက်ပေးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း သိရှိ​​စေရန် ရည်ရွယ်၍ (၇၅)နှစ်​မြောက်အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေး(Talk Show)အား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်မိုး(ပြန်/ဆက်)