အိမ်မဲမြို့နယ် Community Centre ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

အိမ်မဲ ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး အထက်တန်းပြ အငြိမ်းစားဆရာကြီးဦးစိုးလင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းတို့ကို အကျယ်တဝင့် ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show Video အပြည့်အစုံ ကို အိမ်မဲမြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်မဲမြို့နယ် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Talk Show များ၊ စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ၊ ပြန်/ဆက်)