မိုင်းယန်း ဇူလိုင် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် စတင်ဆောင်ရွက်လျက်ရှိသည့် မိုင်းယန်းမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေ စာရင်းပုံစံများ Database ရိုက်သွင်းခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့တွင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Database ရိုက်သွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအား မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များတို့က သွားရောက်ကြည့်ရှု အားပေးပြီး ပေးထားသည့် ကွန်ပျူတာ၊ လူအင်အားရောက်ရှိ အသုံးပြုနေမှု အခြေအနေ၊ စာရင်းသွင်းရာတွင် မှန်ကန်တိကျမှုနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့အတွက် မေးမြန်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး (ဆီဆိုင်)