ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

ဒဂုံအရှေ့ ဇူလိုင် ၁၉

အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာတစ်ဦးဖြစ်သူအောင်သိဒ္ဓိဖြင့် ပူးပေါင်း၍ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအ‌ကြောင်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲပိုင်း(၁) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ရှင်းလင်းဆွေးနွေးပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာတစ်ဦးဖြစ်သူ စာရေးဆရာ အောင်သိဒ္ဓိက လူငယ်/ လူရွယ်လေးများအ‌နေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်စိတ်ဓာတ်၊ အာဇာနည်ကိုးဦး အတ္ထုပ္ပတ္တိ၊ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားသည်မှ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများကို အစဉ်မမေ့စေရန် ဦးဆောင်ဆွေးနွေးပေးခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် စာအုပ်/ စာစောင်များအခမဲ့ငှားရမ်းပေးခြင်း၊ အခါအားလျော်စွာ Talk Show များ ကျင်းပဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)