မိုင်းကိုင်မြို့နယ်၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မိုင်းကိုင် ဇူလိုင် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ယနေ့  ဇူလိုင်လ ၁၉ ရက်နေ့ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့၊ နေ့လည် ၁၁ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ဝါဆိုသင်္ကန်းနှင့်  ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ  အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများက နိုင်ငံတော်ဩဝါဒါစရိယ သိရိမင်္ဂလာ ဟိုနားကျောင်း ဆရာတော် ဘန္တဒ္ဒဝိစိတ္တသာရ အပါအဝင် ဆရာတော် သံဃာတော် ၆ ပါးအား ဆွမ်းခဲဖွယ်၊ လှူဖွယ်ဝတ္ထုများနှင့် ဝါဆိုသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ပုဂ္ဂိုလ်များအားလုံးက မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင် မင်္ဂလာသုဝဏ္ဏကျောင်းခမ်း  ဆရာတော် ဘန္တဒ္ဒကုမာရတေဇထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးနောက် ဆရာတော်သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ကာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ ရေစက်သွန်းချ  အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်