ကြို့ပင်ကောက် ဇူလိုင် ၁၉
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အာဇာနည်နေ့အကြောင်း အွန်လိုင်းအသိပညာပေး Talk Show ဆွေးနွေးပွဲစကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲစကားဝိုင်း Talk Show တွင် မြို့နယ်ပြန်ဆက်ဦးစီးမှူး ဒေါ်ဝင်းလေးနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းရွှေတို့က အာဇာနည်၏ အဓိပ္ပါယ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးတို့၏ သမိုင်းဝင်ဖြစ်ရပ်များကို နောင်လာနောက်သား ကလေးငယ်များ အမြဲသတိရနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြရာ အဆိုပါ ဆွေးနွေးမှုမှတ်တမ်းများအား We Love Gyobingauk Facebook Pages စာမျက်နှာတွင် လွှင့်တင်ထားပေးကြောင်း မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ သိရသည်။
ကြို့ပင်ကောက်မြို့ရှိ အခြေခံပညာကျောင်းများတွင် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး ၊ ကဗျာ၊ ပန်ချီပြိုင်ပွဲများ၊ ဟောပြောပွဲများကို အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုဦးညွှတ်သောအနေဖြင့် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)