ကန်ကြီးထောင့်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေး ကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အများ လျှပ်စစ်အန္တရာယ်ကာကွယ် ကင်းရှင်းရေးအတွက် မန်နေ့မွန်းလွဲ ၁ နာရီအချိန်မှ စတင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေး ကြည်ရှုစစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်ဦးပိုင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၊ ဂေါပကအဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းထားမှု ရှိ မရှိ၊ လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲရေးအတွက် LED ဝပ်အားနည်း မီးသီးများပြောင်းလဲသုံးစွဲရေးတို့ကို ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မဇင် (ပြန်/ဆက်)