သင်္ဃန်းကျွန်း ဇူလိုင်၂၀
၂၀၂၂ ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခဲ့သည်။
အဆိုပါကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်တွင် စာရေးဆရာမ တင်ထက်ထက်ဇော်(ပေါက်ပေါက်)က ကမ္ဘာ့အသည်းရောင် ရောဂါနေ့ဖြစ်ပေါ်လာပုံ၊ အသည်းရောင်အသားဝါပိုးများ၏ ကွာခြားပုံနှင့် အသည်းရောင်ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများစသည်တို့နှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး Talk Show အစီအစဉ်များကို ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သတင်းရရှိပါသည်။
လှလှဌေး