သာပေါင်းမြို့နယ်၊ ကျေးရွာများတွင် သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆက်လက်ဆောင်ရွက်ပေး

သာပေါင်း ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ ကျေးရွာများတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ပိန္နဲကုန်းကျေးရွာ၊ အောက်စုကျေးရွာများရှိ အိမ်စိတစ်လျောက် သွေးလွန်တုပ်ကွေး ဖြစ်ပွားခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ကျန်းမာရေးဌာနမှ ဦးရဲဇော်ထွန်း PS၊ ဒေါ်မေဒေးဝင်း MW၊ ဒေါ်ပြည်ဖြိုးလှိုင် PHs 2 ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များ၊ Volunteer တို့က နေအိမ်များရှိ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး၊ ဖုံး သွန် လဲ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းတို့ကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ‌ ဆောင်ရွက်ပေးခဲ့ကြ‌ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း-ပြန်/ဆက်)