သာယာဝတီ ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက သာယာဝတီမြို့နယ် လူစည်ကားရာလမ်းဆုံတို့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းအဖွဲ့သည် သာယာဝတီမြို့နယ် လူစည်ကားရာလမ်းဆုံ မြန်မာ့စီးပွားရေးဘဏ်ရှေ့နှင့် သုံးဆယ်မြို့မစျေးတို့တွင် မြို့နယ်နေပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း Mask များ မဖြစ်မနေတပ်ဆင်စေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အလားတူ မြို့နယ်အတွင်း၌လည်း နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း Mask များစနစ်တကျ မဖြစ်မနေတပ်ဆင်သွားလာစေရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးနှံစေရေး လိုက်လံအသိပေး နှိုးဆော်ခြင်းလုပ်ငန်းများများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ခရိုင်ပြန်/ဆက်)