လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် မျိုးစိတ်အသစ် BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

လိပ်သို ဇူလိုင် ၂၀     

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်  BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အတွင်း Hand Speaker ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ယခုအချိန်၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်နှင့် ရောဂါပိုးအသစ် BA.4 နှင့် BA.5 ရောဂါ ပိုးများကို တွေ့ရှိနေပြီဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်လျက်ရှိနေပြီဖြစ်သောကြောင့် ကြိုတင်ကာကွယ်ထားနိုင်ရန် ပြည်သူများ အနေဖြင့် နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိ၌ သံသယလက္ခဏာရှိသည်ဟု ယူဆရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကာကွယ်ဆေးကို အကြိမ် ပြည့်ထိုးနှံထားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေး အချက်များကို လိုက်နာကြရန်စသည့် အသိပညာပေးနှိုးဆော်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)