ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၉
(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်ကျင်းပသည်။
အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းက Talk Show ဆွေးနွေးပွဲများ ပြုလုပ်ကျင်းပရခြင်းနှင့်အများပြည်သူများ အနေဖြင့် ကြည့်ရှုလေ့လာ မှတ်သားသိရှိနိုင်စေရန်အတွက် Online မှတဆင့် ပြန်လည် ထုတ်လွှင့်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် အာဇာနည်နေ့အဖြစ် သတ်မှတ်ဖြစ်ပေါ်လာမှု အကြောင်းအရာများကို အဆိုပါဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်သဲဝါတို့က ဆွေးနွေးပြောကြားရာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအား လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့မှု အခြေအနေအကြောင်းအရာများနှင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၌ အတွင်းဝန်များရုံးတွင် အစည်းအဝေးပြုလုပ်ကျင်းပစဉ် မသမာသော လူတစ်စု၏ လုပ်ကြံခြင်းခံရမှု အခြေအနေ အကြောင်းအရာစသည်များအား ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါနည်းတူ Talk Show ဆွေးနွေးပွဲများအား အများပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာမှတ်သား သိရှိနိုင်စေရေးအတွက် Onlineမှတဆင့် ထုတ်လွှင့်ပြသပေးလျက်ရှိရာ We love kyarin seikkyi Facebook Page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)