ဥတ္တရ ဇွန် ၃၀
နေပြည်တော်ကောင်စီ၊ ဒေဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဉက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးဇေယျာလင်းနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် ဉတ္တရသီရိခရိုင်၊ ဉတ္တရသီရိမြို့နယ် အတွင်းရှိ ဟိုတယ်များသို့ သွားရောက်၍ မြို့တော်အင်္ဂါရပ်နှင့်အညီ ဟိုတယ်များ တည်ရှိရာ လမ်းဘေးဝဲယာနှင့် အတွင်းအပြင် သန့်ရှင်းသာယာ လှပ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု့ပြီး ဉတ္တရသီရိမြို့နယ်အတွင်းရှိ ဟိုတယ်များမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအား Aye Chan Thar Hotel တွင် တွေ့ဆုံ၍ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရန် ကိစ္စများကို တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော Enchaငn Myanmar Health and Safety Protocol အစီအစဉ်အရ ခရီးသွားကဏ္ဍအတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လာရောက်တည်းခိုသော ဧည့်သည်များ ဘေးကင်း လုံခြုံစိတ်ချစေရေးအတွက် ဒေသအဆင့်၊ အမျိုးသားအဆင့်၊ အသိအမှတ်ပြုလက်မှတ်များ၊ တံဆိပ်များရရှိရေးဆောင်ရွက်ပေးနေမှု၊ မသန်စွမ်းသူ များအတားဆီးမဲ့သွားလာနိုင်ရေး Barrier Free Tourismနှင့်ပတ်သက်၍ ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် လိုအပ်ချက်များကို ဖြည့် ဆည်း အကောင်အထည်ဖော်နိုင်မှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်နှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတိုင်း နိုင်ငံသားများမှ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် တည်းခိုနိုင်ရေးကိုလည်း စနစ်တကျ ဆောင်ရွက်စေမှုများ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster ဆေးကိုလည်း ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်သွားရန်နှင့် ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသော၊ Hotel Guest List Management System ဟိုတယ်များအနေဖြင့် အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်စေလိုမှုများ နှင့်လူပုဂ္ဂိုလ်၊ ပစ္စည်း၊ စာရွက်၊စာတမ်းများနှင့်မီး ဘေးလုံခြုံရေးများကိုလည်း အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားတွင် ဉတ္တရသီရိမြို့နယ်အတွင်းရှိ ဟိုတယ်များမှ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံမှုဆိုင်ရာ အမျိုးသားအဆင့် အသိအမှတ်ပြုတံဆိပ် National Health and Safety Protocols(Plaque)ရရှိသော ဟိုတယ်များကို အသိအမှတ်ပြုတံဆိပ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ကျော်စွာဟိန်း (ပြန်/ဆက်)