ဟိုပင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုး ပွဲတော်ပြုလုပ်ကျင်းပ

ဟိုပင် ဇူလိုင် ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှေ့၌ ဇူလိုင်လ(၂)ရက် နံနက်(၁၀)နာရီက သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်သည့် အစိမ်းရောင်တံတိုင်းများ တည်ထောင်ဖွံ့ဖြိုးစေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် သစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ် ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်သူနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်ကျော်ဌေးနှင့် သစ်တောဝန်ထမ်းများ စုပေါင်း၍ ကျွန်း (၁၀၀)ပင် ပျဉ်ကတိုး(၁၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ မျောက်ငိုပင်(၁၀၀)ပင်၊ စုစုပေါင်း(၄၀၀)ပင်တို့ကို သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ ကြကြောင်း သိရသည်။

လင်းသွယ်သွယ်ဦး ပြန်/ဆက်