ပလောက် ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိတောင်ယာစပါးစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်မှုရှိ/မရှိကင်းထောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆွေးနွေးရာတွင် ပလောက်မြို့ စိုက်ပျိုးရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဦးသော်ဇင်ထွန်းက တောင်ယာစပါးစိုက်တောင်သူများအားအထွက်နှုန်းတိုးတက်ရေးအတွက် သွင်းအားစုများကိုအချိန်ကိုက်ထည့် သွင်းပြီး ပြုစုထိန်းသိမ်းသွားနိုင်ရန် ကွင်းဆင်းဆွေးနွေးပေးခဲ့သည်။ ပလောက်မြို့တွင် တောင်ယာစပါး စိုက်ပျိုးခြင်းကို ယခင်နှစ်တွင် တောင်ယာသီးညှပ်ပေါင်း (၃၁၃)ဧက စိုက်ပျိုးခဲ့ပြီးယခုနှစ် တွင်(၃၁၈)ဧက စိုက်ပျိုးနိုင်ခဲ့ သဖြင့်လျာထားဧက ထက်ပြည့်မီ ကျော်လွန်အောင်စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နှင်းမြူလွင် (ပလောက်)