ဥတ္တရသီရိ ဇူလိုင် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်းတွင် မြန်မာ့ သစ်လုပ်ငန်း၊ နေပြည်တော်သစ်ထုတ်ရေးဒေသမှ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အထိမ်း အမှတ် ရတနာတန်းဝင် သစ်မျိုးဖြစ်သည့် ပျဉ်းကတိုးသစ်ပင်အား စိုက်ပျိုးပေးခဲ့သည်။
ထို့နောက် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဦးဇော်ဝင်းနိုင်၊ နေပြည်တော်သစ်ထုတ်ရေး ဒေသမန်နေဂျာ ဦးကျော်စွာဝင်း၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် သစ်ထုတ်ရေးဒေသမှ အရာထမ်း၊ အမှုထမ်းများက ငလိုက်ဆည် ရေဝေရေလဲဧရိယာ ရေစီးဆင်းမှုကောင်းမွန်စေရေး၊ မြေဆီလွှာထိန်းသိမ်းနိုင်ရေးတို့အတွက် သစ်ပင်များစုပေါင်း စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ ငလိုက်စခန်းသာဆင်စခန်းဝန်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းတွင် ပျဉ်ကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီ၊ ယမနေ၊ စစ်၊ မန်ဂျန်ရှား စသည့်သစ်အမျိုးပေါင်း (၇)မျိုး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)