သတင်းများ

မအီမြို့ပေါ်  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 10,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဒုတိယနေ့အနေဖြင့် ယနေ့နံနက်ပိုင်းမှ စတင်၍ မအီမြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျောင်းကုန်းမြို့၌ တရားဝင်ကုန်ပစ္စည်းများ တင်ဆောင်ခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်‌ဆေး
Jul 10,2022
ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌  တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာခြင်း ရှိ/မရှိကို ရန်ကုန်-ပုသိမ်ကားလမ်း Tole Gate တွင် ယနေ့နံနက် ၉း၃၀ နာရီအချိန် ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။
e-Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်
Jul 10,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်ရှိ ပြည်သူ့စာကြည့်တိုက်များအား Digital Library စနစ်သို့အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး  E-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီခွဲတွင် ပျဉ်းမနားမြို့နယ်လူထုအခြေပြု ဗဟိုဌာန၌ကျင်းပသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ
Jul 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရွာငံမြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်​တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ကပ်လှူခြင်းအခမ်းအနားကျင်းပ
Jul 10,2022
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊​ ရေတာရှည်မြို့နယ်၌ ရေတာရှည်တပ်နယ်မှ အရာရှိ စစ်သည်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစု​ပေါင်း၍ ဆွမ်းကွမ်းခက်ခဲသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်​တော်နှင့်
ပဲခူးမြို့နယ် စာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jul 10,2022
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ပဲခူးမြို့နယ် စာရေးဆရာအသင်း တတိယအကြိမ် စာ‌ပေညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန၏ ငွေကျပ်(၅၄)သိန်းဖြင့် ဆောင်ရွက်လျက် ရှိသော သံဖြူချောင်း၊ လက်ပံတောရွာချင်းဆက်လမ်းအား ကွင်းဆင်းစစ်ဆေး
Jul 10,2022
ပေါင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန၏ ငွေကျပ်(၅၄)သိန်းဖြင့် ဆောင်ရွက်လျက် ရှိသော သံဖြူချောင်း၊ လက်ပံတောရွာချင်းဆက်လမ်းအား ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မိုင်းကိုင်မြို့နယ်၌ (၇၅)မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ
Jul 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ထက်/လယ်/မူ  ကျောင်းသားကျောင်းသူများ၏  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို