လပွတ္တာမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း ထည့်သွင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

လပွတ္တာ ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/) များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုလုပ်ငန်းအား ယနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး ဇွဲသူဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် တာဝန်ရှိသူများက လပွတ္တာ မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/)များ တိကျမှန်ကန်မှုရှိစေရေးအတွက် တစ်မြို့နယ်လုံးရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e-ID စနစ်ဖြင့် Software အသုံးပြုကာ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေး မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ ရက်ပေါင်း(၆၀)အတွင်း အိမ်ထောင်စု စုစုပေါင်း (၈၃၈၄၇) ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လဝက ဦးစီးမှူး ဦးဆန်းဦးထံမှ သိရ သည်။

လပွတ္တာ ခရိုင်(ပြန်/ဆက်)