မိုးညှင်း ဩဂုတ် ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မိုးညှင်းမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲကျင်းပရာတွင် မိုးညှင်းမူလတန်းကြိုကျောင်းမှ သားငယ် သမီးငယ်များ ကာယ၊ ဉာဏ၊ စာရိတ္ တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တန်းခွဲ (A)၊ တန်းခွဲ(B)နှင့် တန်းခွဲ(C)တို့မှ သားငယ်သမီးငယ် များအား အကြီးဆင့်ဆေးရောင်ခြယ် ပန်းချီပြိုင်ပွဲတွင် (၂၀)ဦး၊ အလတ်ဆင့် ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲတွင် (၂၈)ဦးနှင့် အငယ်ဆင့်ဆေးရောင်ခြယ် ပန်းချီပြိုင်ပွဲတွင် (၂၇)ဦး စုစုပေါင်း (၇၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်၊ မူကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်လုမိုင်နှင့် မိဘဆရာအသင်းအမှုဆောင်များက ဆုရရှိကြသော သားငယ်သမီးငယ် များကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ကြပြီး ပြိုင်ပွဲဝင်သားငယ် သမီးငယ်များအားလုံးကို မေတ္တာလက်ဆောင် များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(မိုးညှင်း)