သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစားထိုးသီးနှံစိုက်ပျိုးရန်အတွက် နှစ်ရှည်ပင်များအခမဲ့ပေးအပ်
Jul 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသရှိ စံဖူးကျေးရွာ၊ ဗန်းစောက်ကျေးရွာများတွင် အစားထိုးသီးနှံအဖြစ် ကော်ဖီပင်များကို စိုက်ပျိုးလျက်ရှိရာ  ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးရန်အတွက် (အာရေး ဗီးကားမျိုး၊ ကတ်တီမိုး/ H28) ကော်ဖီပျိုးပင် (၅၀၀၀)ကျော်နှင့် ကော်ဖီပင်နှင့်
တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ(၂၂၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ဒုတိယကြိမ် ဆက်လက်ထိုးနှံ 
Jul 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌အာဇာနည်နေ့အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ
Jul 11,2022
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အာဇာနည်နေ့ အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ကျင်းပခဲ့ကြောင်း
လပွတ္တာမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က လပွတ္တာ(၃)မိုင်မြို့ မြသန်းတန်ဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 11,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား)မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၁၁ နာရီအချိန်က လှိုင်သာယာပန်းခြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် Community Centre ခန်းမတွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ
Jul 11,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ကဗျာ​ပြိုင်ပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် Mobile Team အစီအစဉ်ဖြင့် အလုပ်သမားလေဘာကတ် ကွင်းဆင်းပြုလုပ်ပေး
Jul 11,2022
အများပြည်သူ အလုပ်အကိုင်ရရှိစေရေးအတွက် သွားလာရန်ခက်ခဲသည့် မြို့ပြနှင့် ကျေးလက်ဒေသများတွင် Mobile Team အစီအစဉ်ဖြင့် အလုပ်သမားလေဘာကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဆိုင်ကလုန်းရှက်တာခန်းမတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် CoviShield (၂)ကြိမ် ထိုးပြီးသော ဝန်ထမ်းနှင့် မိသားစုများအား အပိုဆောင်း ကာကွယ်ဆေး Sinopharm များ ထိုးပေး
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူဆေးရုံ အစည်းအဝေးခန်းမတွင် CoviShield (၂)ကြိမ် ထိုးပြီးသော ဝန်ထမ်းနှင့် မိသားစုများအား အပိုဆောင်ကာကွယ်ဆေး Sinopharm များကို ယနေ့နံနက် ၉ နာရီတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။