သတင်းများ

မဘိမ်းမြို့နယ်၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်
Jul 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်ဖွံ့ဖြိုးစေရန်အတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရှိရသည်။
ကွတ်ခိုင်မြို့နယ် (Community Centre) ခန်းမတွင် ‌စာအုပ်၊ စာပေချစ်မြတ်နိုးသူများတိုး ပွားလာ စေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Jul 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင် မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  ‌စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန် စာပေဝါသနာရှင် 
ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံများ ရေပြည့်ဝစွာပေးဝေနိုင်ရေး ပဲခင်းမြောင်းမှ ရေကျအဆောက်အအုံ(၁)ခုအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်
Jul 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးသီးနှံများ ရေပြည့်ဝစွာပေးဝေနိုင်ရေး ပဲခင်းမြောင်းမှ ရေကျအဆောက်အအုံ (၁)ခု ပြန်လည်ပြုပြင်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများ တက်ရောက်ဖွင့်လှစ်ပေး
Jul 11,2022
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားနေသော အတန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ များအတွက် မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်းဝင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ပုံတူပန်းချီပြိုင်ပွဲ ကျင်းပ
Jul 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ပုံတူပန်းချီပြိုင်ပွဲအား ယနေ့နံနက် ၁၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 11,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်
ပိုင်ကျုံမြို့အမှတ်(၅)ရပ်ကွက်‌ ချမ်းအေးသာစံလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jul 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၈.၃၇) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ သုခချမ်းသာလမ်းအား  ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကို၅)ရပ်ကွက်၊ချမ်း‌အေးသာစံ အပိုင်း(၁) လမ်းအားကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဇွန်လ၂၆ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ၉ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီး ပြီဖြစ်ကြောင်းစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ
Jul 11,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။