ကျိုက်လတ် သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၌ ယနေ့ နေ့လယ်ပိုင်းက ကျောင်းသား၊ ကျောင်းသူလေးများအား အလှူရှင်တစ်ဦးက အာဟာရ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရဒါနအဖြစ် အမှတ်(၁)ရပ်ကွက်၊ ၂၆ လမ်းမှ အလှူရှင် ဒေါ်တင်ဝင်းက အသက် (၆၈)နှစ်ပြည့် မွေးနေ့အလှူအဖြစ် နန္ဒဝန်ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်ရှိ နန္ဒဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယခုပညာသင်နှစ်၌ KG တန်းမှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၄)ဦးရှိပြီး ဆရာ၊ ဆရာမ (၆)ဦးက သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ရီရီမြင့်