သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်
Aug 31,2022
မော်လမြိုင်မြို့တွင် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။
ကသာမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 31,2022
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၌ အသက် ၁၈ နှစ်အထက်နှင့် ဦးတည်အုပ်စုတွင် အကျုံးဝင်သည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက မြို့တော်ခန်းမတွင် စုရပ်ထားရှိကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးထားသော နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Aug 31,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးသီးနှံအဖြစ် စားသုံးဆီဖူလုံပိုလျှံစေရေး မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ စိုက်ပျိုးထားရှိရာ အနောက်ငါးဆူကျေးရွာ၌ စိုက်ပျိုးထားရှိသော နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ်များ စနစ်တကျ ဖြင့် စိစစ်‌ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး
Aug 31,2022
ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် သီးနှံတင် မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်
Aug 31,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁/၃ ဒသမ ၅၂မိုင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းကျော် ဖောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ
Aug 31,2022
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် စက်တင်ဘာ ၁၃ ရက်နေ့တွင်ကျရောက်မည့်  မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန့်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်အတွင်း၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 31,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်‌ရေးနှင့် စီမံကိန်းလျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ Gender/CEDAW/NSPAW နှင့် UNSCR 1325 သင်တန်းဖွင့်လှစ်
Aug 31,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား၊မရေးရာကဏ္ဍများ (Gender)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW)နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅(UNSCR 1325)ဆိုင်ရာ အချက်များကို မြို့နယ်အတွင်းရှိ ပြည်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအနေဖြင့် သိရှိနိုင်စေရန်အတွက် အဆိုပါသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။