မင်းလှမြို့နယ်တွင် အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဖိုက်ဘာကေဘယ်လ် သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

အထက်မင်းလှ ဩဂုတ်  ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဖိုက်ဘာကေဘယ်လ်သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက မင်းလှမြို့နယ်ဆက်သွယ်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ MULTI CENTRE COMPANTY LIMITED မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ၌ မင်းလှမြို့နယ်တွင် ဆက်သွယ်ရေးကွန်ယက်များချခင်းခြင်း၊ တာဝါတိုင်ဆောက်လုပ်ခြင်းနှင့် မြေပေါ်မြေအောက် ကေဘယ်လ်သွယ်တန်းခြင်းလုပ်ငန်းများအား ပုဂ္ဂလိကဆက်သွယ်ရေးကုမ္ပဏီများမှ မြေပြင်၌လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန်တိကျ စေရေးအတွက် မြို့နယ်အဆင့် ဆက်သွယ်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက မြေပြင်အခြေအနေများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ဇာဇာ(အထက်မင်းလှ)