မော်လိုက် သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီက မော်လိုက်မြို့ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ဗိုလ်လုပွဲတွင် လျှပ်စစ်ကိုယ်စားပြုအသင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိုယ်စားပြုအသင်း၊ တတိယလုပွဲတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကိုယ်စားပြုအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များက ပထမဆုရရှိသည့် လျှပ်စစ်ကိုယ်စားပြုအသင်း၊ ဒုတိယဆုရရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိုယ်စားပြုအသင်းနှင့် တတိယဆုရရှိသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကိုယ်စားပြုအသင်းတို့အား ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးချီး မြှင့်ခဲ့ကြသည်။
အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်သူလူထုအတွင်း အားကစားစိတ်ဓာတ်၊ အားကစားအသိပညာပြန့်ပွားရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်ပျိုးထောင်နိုင်ရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံ့ဂုဏ်သိက္ခာအတွက် အားကစားဖြင့် မြှင့်တင်ပေးရေး၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများပေါ်ထွက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး စသည့်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး