သတင်းများ

ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Aug 31,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ တန်ဖိုးမျှအိမ်ယာ တိုက်-၁တွင် ယမန်နေ့ည (၈) နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
လက်ပံတန်းမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းသင်တန်းဖွင့်လှစ်
Aug 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း ဖွင့်လှစ်ခဲ့သည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် (Second Booster Does) ထိုးနှံပေး
Aug 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးသော မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း (Second Booster Does) စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ကစတင်၍ ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များသွားရောက် ငှားရမ်းပေး
Aug 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Aug 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဆေးရုံ၊ မြို့နယ်ဒေသန္တရ တိုက်နယ်ဆေးခန်းများတွင် ထိုးနှံတိုက်ကျွေးပေးလျှက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်မှ (၁၇)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancophram)ဒုတိယအကြိမ် ထိုးနှံပေး
Aug 31,2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် အခြေခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်မှ (၁၇)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancophram) ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ဇီးကုန်း)ကျောင်း၌ ဒုတိယအကြိမ် ထိုးနှံပေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် သာသနာရေးဆိုင်ရာ ခေါင်းဆောင်ဆု ရရှိခဲ့သော ဆရာတော်နှင့် လူမှုထူးချွန်ဆု ရရှိသူတို့အား ကြိုဆို ဂုဏ်ပြု
Aug 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ထူးချွန်သော ဘာသာရေးဆိုင်ရာ ခေါင်းဆောင်ဆု ရရှိခဲ့သော တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)နှင့် ဘာသာရေးဆိုင်ရာ လူမှုထူးချွန်းဆုရရှိခဲ့သော ဒေါ်နန်းကြည်ကြည်သိန်းတို့အား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။