မင်းလှမြို့၌ ဗီဒီယိုလုပ်ငန်းမှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်များ စည်းကမ်းချမှတ်ချက်နှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး

အထက်မင်းလှ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ရှိ ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်း ကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ရှိ/ မရှိများအား မင်းလှမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက်(၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဗီဒီယိုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန် လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ရှိ/မရှိ၊ ဆင်ဆာမဲ့ မြန်မာ/နိုင်ငံခြားနှင့် ညစ်ညမ်း ဗီဒီယိုတိတ်ခွေများ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်း (ကာရာအိုကေ)တွင် သုံးစွဲခြင်း ရှိ/မရှိ၊ တရားမဝင် ကူးယူထားသော မြန်မာဗီဒီယိုအချပ်/နယ်မြေလွန်၍ ပြသလျက်ရှိသော မြန်မာဗီဒီယို အချပ်များ ရှိ/မရှိ၊ မှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လုပ်ငန်းတည်နေရာများ ပြောင်းလဲ/ပြောင်းရွေ့ခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)