လိပ်သိုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Aug 31,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်၍ လိပ်သို အ.ထ.က စာသင်ကျောင်းနှင့် မြို့ပေါ်/ရပ်ကွက်များတွင် လူထုပါ၀င်မှုဖြင့် လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး ၊ သွင်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းကစတင်၍ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။