ရွှေတောင် သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက် သီးနှံနေကြာနှင့် သုံးသီးစိုက်ပျိုးမည့် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ၂၀၂၂-၂၀၂၃ ခုနှစ် သုံးသီးနွေစပါးလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးကျော်လွင်က ၂၀၂၂-၂၀၂၃ ခုနှစ် သုံးသီးနွေစပါးလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးမျိုးအောင်က ၂၀၂၂- ၂၀၂၃ ခုနှစ် ဆောင်းဆီထွက်သီးနှံနေကြာ လျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးတို့ တာဝန်ပေးအပ်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ လက်ခံယူခဲ့ကြ သည်။
ထို့နောက် သက်ဆိုင်ရာဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံနေကြာနှင့် သုံးသီးစိုက်ပျိုးမည့် ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် တာဝန်ပေးအပ်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များ ကိုပြန်လည်မေးမြန်းခဲ့ကြ ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)